Widows 10 သမားများအတွက် အဓိက ထားပြီး ပြောပါမယ်။
Microsoft Windows 10 မှာ ပါဝင်တဲ့ Quick Access ကို မလိုချင်ရင် ဖျောက်ထား တဲ့နည်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ အကယ်လို့ ပျောက်နေတဲ့သူများလဲ ပြန်ဖေါ် တတ်စေရန် ရည်ရွယ်ပါတယ်။ Windows 10 မှာက Explorer ကိုဖွင့်လိုက်မယ်ဆိုရင် Default အနေနဲ့ Quick Access ကိုသွားမှာဖြစ်ပါတယ်။ အရင် Windows များဖြစ်တဲ့ Windows XP, Windows Vista, Windows 7, Windows 8, Windows 8.1 တို့မှာ ဆိုရင်တော့ Explorer ကို ဖွင့်လိုက်တာနဲ့ My Computer သို့မဟုတ် This PC စတာတို့ကို ရောက်သွားပါမယ်။ Windows 10 မှာတော့ Quick Access ကို ရောက်ပါ တယ်။ ဒါကို Folder Options မှာ This PC ကိုရောက်အောင် သွားပြင်လို့ရပါတယ်။ ဒါပေမယ့် Quick Access ကို လုံးဝမပေါ်စေချင်လို့ ဖျောက်ထားချင်ရင်တော့ အောက် မှာပေးထားတဲ့ နည်းလမ်းလေးအတိုင်း ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Registry မှာပြုလုပ်တဲ့ နည်းဖြစ်ပါတယ်။ Registry ကို နားလည် တဲ့သူတွေ အတွက်ကတော့ ကိစ္စ မရှိပေမယ့် နားမလည်တဲ့သူများ အတွက်ကတော့ အခန့်မသင့်ရင် Windows ကျ သွားနိုင်တာမို့ VBS Script နဲ့ ပြုလုပ်ပြီး တင်ပေးလိုက်ပါတယ်။ အောက်မှာပေးထားတဲ့ VBE Script ဖိုင်ကို ဒေါင်းပြီး နှစ်ချက်နှိပ်လိုက်ပါ။ နှစ်ချက် နှိပ် Run လိုက်တာနဲ့ ပုံ-၀၁ မှာပြထားသလို UAC Prompt တက်လာပါလိမ့်မယ် Yes ကို နှိပ်ပြိး Run လိုက်ပါ။ (အကယ်လို့ သင့်စက်မှာ UAC ကို မြှင့်မထားရင်တော့ ပုံ-၀၁ က အတိုင်း Prompt မတက်ပါ) ဒါဆိုရင်တော့ ပုံ-၀၂ မှာပြထားသလို Message တစ်ခု တက်လာပြီး Quick Access ကို ဖျောက်ပေးသွားပါလိမ့်မယ်။ လက်ရှိ ဖွင့်ထားတဲ့ Explorer မှာတော့ မပျောက်ပေမယ့် ဖွင့်ထားတဲ့ Explorer တွေကို ပိတ်ပြီး ပြန်ဖွင့်လိုက် ရင်တော့ ပုံ-၀၃ မှာပြထားတဲ့ အတိုင်း Quick Access ပျောက်သွားပါလိမ့်မယ်။ Quick Access ကို ပြန်ဖေါ်ချင်တယ် ဆိုရင်လဲ အဲဒီ Quick Access Tool.vbe ကိုပဲ ပြန်ပြီးတော့ နှစ်ချက်နှိပ် Run လိုက်ပါ။ ဒါဆိုရင် ပုံ-၀၄ ကအတိုင်း Message တစ်ခုပေါ်လာပြီး Quick Access ပြန်ပေါ်လာပါလိမ့်မယ်။ ဒီနည်းကတော့ VBS Script နဲ့ အလွယ်တကူ ပြုလုပ်နည်းပါ။ Registry နည်းလမ်း ကတော့ စိတ်ဝင်စားကြသူ များရင် နောက် Post တွေမှာ ပြောပြပေးသွားပါမယ်။ အောက်ဆုံးနားမှာ Quick Acccess Tool ဒေါင်းရန် link ကို ချပေးထားပါတယ်။
လာရောက်အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
0 Comments