Windows ISO ဖိုင်ကို Microsoft Official Website မှ တိုက်ရိုက် ဒေါင်းနည်လေး တင်ပြ ပေးလိုက်ပါတယ်လေ့လာလိုသူများအတွက်ပါ
မင်္ဂလာပါ။ နောက်ဆုံးထွက်ထားတဲ့ Windows 10 ISO ကို Microsoft ရဲ့ တရားဝင် Website မှ တိုက်ရိုက် Download ပြုလုပ်နည်းကို ပြောပြပေးသွားပါမယ်။ ပုံမှန်ကတော့ Windows Operating System အပေါ်ကနေ Windows 10 ISO ဖိုင်ကို ဒေါင်း လို့ရမှာ မဟုတ်ပဲ Media Creation Tool ကိုသာ ဒေါင်းပြီး ISO ဖိုင်ကို Tool ကနေ တဆင့် ဒေါင်းခိုင်းမှာပဲဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့က Media Creation Tool ကို မသုံးပဲနဲ့ ISO ဖိုင်ကိုပဲ သီးသန့် ဒေါင်းဖို့အတွက် ပြုလုပ်တာပဲဖြစ်ပါတယ်။ Windows 10 ISO ဖိုင်တွေကို အချို့သော Forum တွေ မှာလဲ တင်ပေးထားတာရှိပေမယ့် အဲဒါတွေ က Windows ISO ဖိုင်ကို လိုအပ်တာတွေကော မလိုအပ်တာတွေကော ပြန်လည် ထည့်သွင်းပြင်ဆင်ထားတာမို့ Microsoft ရဲ့ Official ကနေ မှလိုချင်သူများ အတွက် ဒီ နည်းလမ်းကလေး က အသုံးဝင်လိမ့်မယ်လို့ ယူဆပါတယ်။
ပြုလုပ်ရန် Microsoft Edge Browser နဲ့ Google Chrome Browser တို့ကို နမူနာ အနေနဲ့ ပြသပေးထားပါတယ်။
Microsoft Edge
- ပထမဆုံး Microsoft Edge Browser ကို ဖွင့်ပြီး https://www.microsoft.com/en-us/software-download/windows10 ကို သွားလိုက်ပါ။(ပုံ-၀၁)
- Microsoft Download Page ကို ရောက်သွားတဲ့အခါမှာ Keyboard ပေါ်က F12 ကို နှိပ်လိုက်တာနဲ့ ပုံ-၀၂ မှာပြထားတဲ့ အတိုင်း Developer Tool တွေပေါ်လာပါလိမ့် မယ်။
- Developer Tool တွေပေါ်လာတဲ့အခါမှာ ပုံ-၀၃ မှာပြထားတဲ့ အတိုင်း Drop Arrow ကလေးကို နှိပ်ပြီးပေါ်လာတဲ့ Menu မှ Emulation ဆိုတာကိုထပ်နှိပ်ပါ။
- Emulation ကိုရောက်သွားတဲ့အခါမှာ ပုံ-၀၄ ကအတိုင်း User Agent String: နဲ့ တန်းတန်းက Drop bar ကို နှိပ်ပါ။
- User Agent String: က Drop bar ကို နှိပ်ပြီးလို့ Menu List ပေါ်လာတဲ့ အခါ ပုံ-၀၅ မှာပြထားတဲ့အတိုင်း Apple Safari (iPad) ကိုရွေးပေးလိုက်ပါ။
- ဒါဆိုရင်တော့ ဘယ်ဘက်က အကွက်မှာ ပုံစံ ပြောင်းသွားမှာဖြစ်ပါတယ်။ ပုံ-၀၆ မှမြှား နဲ့ပြထားတဲ့ Edition ရွေးရမည့် Drop bar ကို ထပ်နှိပ်ပါ။
- Edition Drop bar မှ List ပေါ်လာတဲ့အခါမှာ မိမိ Download ပြုလုပ်လိုတဲ့ Edition ကိုရွေးပေးပါ။ ကျွန်တော်ကတော့ May 2019 Update ကိုရွေးလိုက်ပါတယ်။ (ပုံ-၀၇)
- ရွေးပြီးသွားရင်တော့ ပုံ-၀၈ မှာပြထားတဲ့အတိုင်း Confirm ကိုနှိပ်ပေးပါ။
- ပုံ-၀၉ မှာလိုမျိုး Validating Request လုပ်နေပါလိမ့်မယ်။
- နောက်ထပ် ပုံ-၁၀ မှာလိုမျိုး Language ကိုရွေးခိုင်းတဲ့အခါမှာ မြှားပြထားတဲ့ Drop bar ကို ထပ်နှိပ်ပါ။
- Drop List တွေထဲကမှ English International ကို နှိပ်ပြီးရွေးလိုက်ပါ။ (ပုံ-၁၁)
- ပြီးရင်တော့ ပုံ-၁၂ ကအတိုင်း Confirm ကို ထပ်နှိပ်ပါ။
- ဒါဆိုရင်တော့ ပုံ-၁၃ မှာပြထားတဲ့အတိုင်း x32 bit ကို ဒေါင်းမယ်ဆိုရင် 32-bit download ကို နှိပ်ပြီး x64 bit ကို ဒေါင်းမယ်ဆိုရင်တော့ 64-bit download ကို နှိပ်ပါ။ ပုံမှ အနီရောင်နဲ့ ဘောင်ခတ်ပြထားတာကတော့ ယခု Download ပြုလုပ်မည့် link ဟာ ဘယ်အချိန်မှာ Expire ဖြစ်မယ်ဆိုတာကို ပြထားတာဖြစ်ပါတယ်။
- ပုံ-၁၄ အတိုင်း ပေါ်လာတဲ့ အခါမှာ Save ကို နှိပ်ပြီးတော့ ISO ဖိုင်ကို Download ပြုလုပ်နိုင်ပါပြီ။ အကယ်လို့ IDM နဲ့ ဒေါင်းချင်တယ်ဆိုရင်တော့ URL ကို Copy ကူးယူပြီး IDM မှာ သွားထည့်ကာ Download ပြုလုပ်နိုင်ပါတယ်။
Google Chrome
ဒီနည်းကတော့ Google Chrome Browser နဲ့ ဒေါင်းတဲ့ နည်းပဲဖြစ်ပါတယ်။
- ပထမဆုံး Google Chrome Browser ကို ဖွင့်ပြီး https://www.microsoft.com/en-us/software-download/windows10 ဆိုတဲ့ link ကို ပဲ သွားလိုက်ပါ။ (ပုံ-၁၅)
- Microsoft Download Page ကိုရောက်သွားတဲ့ အခါမှာ F12 ကို နှိပ်လိုက်ပါ ဒါဆိုရင် ပုံ-၁၆ ကအတိုင်း Developer Tool တွေ ပေါ်လာပါလိမ့်မယ်။
- Developer Tool တွေပေါ်လာတဲ့ အခါမှာတော့ ပုံ-၁၇ မှာပြထားတဲ့ ဒေါင်လိုက် အစက်လေး သုံးစက်ဖြစ်တဲ့ Menu ကို နှိပ်ပါ။ ပေါ်လာတဲ့ Menu List ထဲမှ Show console drawer Esc ကို ထပ်နှိပ်ပါ သို့မဟုတ် Keyboard က Esc ကို နှိပ်လဲ ရပါတယ်။
- Console Drawer ပေါ်လာတဲ့ အခါမှာ ပုံ-၁၈ မှပြထားတဲ့ အတိုင်း Network condition ဆိုတဲ့ Tab ကို ထပ်နှိပ်ပါ။
- Network Condition Tab ကိုရောက်သွားတဲ့ အခါမှာ ပုံ-၁၉ မှာပြထားတဲ့ User Agent နဲ့ တည့်တည့် က Select automatically ဆိုတဲ့ Check Box ကို အမှန်ခြစ်ဖြုတ်လိုက်ပါ။
- ပုံ-၂၀ ကလိုပေါ်လာတဲ့အခါမှာ မြှားနဲ့ပြထားတဲ့ Drop bar ကို ထပ်နှိပ်ပါ။
- Drop menu list ပေါ်လာတဲ့အခါမှာတော့ ပုံ-၂၁ မှာပြထားတဲ့အတိုင်း Safari --- Mac ဆိုတာကိုရွေးလိုက်ပါ။
- Microsoft Edge မှာတုန်းကတော့ User Agent ပြောင်းလိုက်တာနဲ့ Auto Reload လုပ်ပေးပေမယ့် Google Chrome မှာတော့ Auto Reload မလုပ်တဲ့ အတွက် ပုံ-၂၂ က အတိုင်း Reload Button ကို နှိပ်လိုက်ပါ။
- Reload လုပ်ပြီးသွားတဲ့အခါမှာတော့ ပုံ-၂၃ ကလိုပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒီ အဆင့်ကနေ စပြီး ပုံ-၀၆ ကနေစပြီး ပုံ-၁၃ အထိ ပြုလုပ်သလိုနည်းအတိုင်း ပြုလုပ်သွားရ မှာပဲဖြစ်ပါတယ်။
- အကယ်လို့ IDM နဲ့ Download ပြုလုပ်ချင်တယ်ဆိုရင်တော့ ပုံ-၂၄ မှာပြထားတဲ့ အတိုင်း Download ပြုလုပ်ချင်တဲ့ Architecture ( x32-bit သို့မဟုတ် x64-bit) ကို Right Click နှိပ်ပြီး Copy link address ကို နှိပ်ပြီး link ကို Copy ယူပါ။
- ပြီးရင်တော့ ပုံ-၂၅ မှာပြထားတဲ့အတိုင်း IDM ကို ဖွင့်ပြီး Add URL ကိုနှိပ်ပြီး ဒေါင်းနိုင်ပါပြီ။
ဒီနည်းကတော့ Windows OS ပေါ်ကနေ Latest Windows ISO တွေကို Microsoft ရဲ့ Official Page ကနေ တိုက်ရိုက် Download ပြုလုပ်နည်းပါ။ အချို့သော Third Party Tool ဥပမာ Rufus တို့လို Tool တွေသုံးပြီး ဒေါင်းတဲ့ နည်းတွေ ရှိသလို User Agent Switcher လို့ Extension တွေကို Browser မှာ Install ပြီး ဒေါင်းတဲ့ နည်းသာမက PowerShell Script တွေနဲ့ ဒေါင်းတဲ့ နည်းတွေလဲ ရှိပါသေးတယ်။ PowerShell Script နဲ့ ဒေါင်းတဲ့နည်းတွေကိုတော့ နောက်ပိုင်း တင်ပေးသွားပါမယ်။ အောက်မှာ ပုံလေးတွနဲ့ ကြည့်လိုက်ပါဦးနော်
နည်းပညာ ဗဟုသုတများ ကြွယ်ဝကြပါစေခင်ဗျာ
လာရောက်အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
0 Comments